လာမည့်နှစ်၄၀အတွင်း အာကာသဓာတ်လှေကား တီထွင်မည့် ဂျပန်ကုမ္ပဏီတစ်ခု

အာကာသဓာတ်လှေကာတွဟာ လူသားတွေကို ကမ္ဘာ့ပတ်လမ်းပေါ်ကိုပို့ပေးနိုင်မယ့် နည်းလမ်းသစ်တစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲနာမည်အတိုင်း အာကာသအထိချဲ့ထွင်ထားတဲ့ ဓာတ်လှေကားဖြစ်ပြီး အချိန်တိုတိုအတွင်း ကုန်ကျစရိတ်နည်းနည်းနဲ့ လူနှင့်အရာဝတ္ထုတွေကိုပို့ဆောင်ပေးနိုင်တယ်လို့ သိရပါတယ်။ ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Obayashi က 2050 မတိုင်မီ အပြီးဆောက်လုပ်သွားမယ်လို့ဆိုပါတယ်။

ဒီပရောဂျက်သာအောင်မြင်သွားရင် အာကာသကိုခရီးသွားတဲ့နည်းလမ်းဟာ လုံးဝပြောင်းလဲသွားတော့မှာပါ။ အဲ့ဒီဓာတ်လှေကားဟာ ကောင်းကင်ပေါ်သို့ 96,000 ကီလိုမီတာ(60,000 မိုင်) အထိရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။ magnetic linear မော်တာတွေနဲ့ပြုလုပ်ထားတဲ့ ကားတွေနဲ့ပို့ဆောင်ပေးမှာဖြစ်ပြီး ပတ်လမ်းပေါ်ကို ရောက်ဖို့ ၇ရက်ကြာမှာဖြစ်ပါတယ်။ ပစ္စည်းတွေကို ပတ်လမ်းပေါ်ကိုပို့ဆောင်ပေးဖို့ ကုန်ကျစရိတ်ဟာ ခန့်မှန်ခြေအားဖြင့် ဒုံးပျံအသုံးပြုပို့ဆောင်ခြင်းရဲ့ တစ်ရာပုံတစ်ပုံလောက်သာ ကျသင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေဟာ တကယ်မရှိသေးတဲ့ ပြဿနာလေးတော့ရှိနေပါတယ်။ ဒါကြောင့် ဒါတကယ်ဖြစ်လာဖို့ ကြာဦးမှာပါ။

ဒီရှည်လျားတဲ့ အဆောက်အဦးကြီးကိုတည်ဆောက်ဖို့ ကာဗွန်နာနိုကျု(Carbon nanotubes) တွေကိုအသုံးပြုသွားမှာလို့သိရပါတယ်။ အဲ့ဒီကာဗွန်တွေဟာ အင်မတန် မာကျောပြီး ရိုးရိုးစတီးကေဘယ်တွေထက် တင်းကြပ်ကျိုးပဲ့မှုခံနိုင်ရည်အား(tensile strength) အဆ ၁၀၀ ပိုပါတယ်။ ကောင်းကင်ပေါ်ဆွဲဆန့်ထားတဲ့ အလေးချိန်တွေကို ဒီကာဗွန်တွေဟာ ကောင်းကောင်းခံနိုင်ရည် ရှိပါတယ်။ နောက်တစ်ခုက အာကာသထိရောက်ဖို့ရာအတွက် အဆိုပါ ကာဗွန်ရဲ့ အရှည်သည်လည်း 96,000 ကီလိုမီတာ လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် ယခင်လုပ်ခဲ့ဖူးတဲ့ အရှည်ဆုံးသော ကာဗွန်နာနိုကျုဟာ ၃စင်တီမီတာ (၁ လက်မခန့်) သာရှိပါတယ်။ ဒါကြောင့် ယခင်လုပ်ခဲ့ဖူးတာထက် အဆပေါင်း ၃ဘီလီယံခန့် ပိုရှည်အောင် လုပ်နိုင်ဖို့ လိုအပ်ပါတယ်။

“ကျွန်တော်တို့ 2030မတိုင်မီ ဒါတွေကိုလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ အိုဘာရာရှီရဲ့
R&Dမန်နေဂျာ ယိုဂျီအီရှီကာဗာ ကပြောပါတယ်။
ဂျပန်နိုင်ငံဟာ ကာဗွန်နာနိုကျုတွေရဲ့ တည်ဆောက်ရေးနဲ့ သုတေသနပိုင်းကို လုပ်ဆောင်နေတာဟာ နှစ်အတော်ကြာပြီဖြစ်ပါတယ်။ ဒါကို အားပေးအားမြှောက်ပြုတဲ့အနေနဲ့ နှစ်စဥ်ပြိုင်ပွဲတွေကျင်းပပေးလေ့ရှိပြီး ပါဝင်ယှဥ်ပြိုင်သူတွေဟာ တစ်ဦးနှင့်တစ်ဦး ပူးပေါင်း အဖြေရှာပြီး ယှဥ်ပြိုင်ကြရပါတယ်။

အိုဘာရာရှီဟာ ကေဘယ်ပြဿနာကိုကိုင်တွယ်နေစဥ်အတွင်းမှာပဲ ကာနဂါဝါ တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ စက်ရုပ်ကားတွေကို ဒီဇိုင်းလုပ်နေခဲ့ကြပါတယ်။ အဲ့ဒီကားတွေဟာ လူ၃၀ ဝန်းကျင်လောက်ကို အာကာသကိုခေါ်ဆောင်သွားနိုင်ပါတယ်။ အဲ့ဒီကားတွေဟာ ကုန်ပစ္စည်း တစ်ကီလိုဂရမ်ကို အာကာသထဲ ယူသွားနိုင်ဖို့ ဒေါ်လာ 22,000 ခန့်ကျသင့်မှာဖြစ်ပြီး အာကာသဓာတ်လှေကားနဲ့ဆိုရင်တော့ တစ်ကီလိုဂရမ်ကိုပဲ ဒေါ်လာ 200ခန့်သာ ကုန်ကျမှာဖြစ်ပါတယ်။ အာကာသဓာတ်လှေကား တစ်ဝိုက်မှာတည်ဆောက််မယ့် အာကာသစခန်းတွေနဲ့ ပလက်ဖောင်းတွေဟာ စျေးသက်သာပြီး အဲ့ဒီကနေတဆင့် လူတွေဟာ ဆိုလာစနစ်ကို ကောင်းကောင်းလေ့လာနိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့အိုင်ဒီယာက လူ၊ ပစ္စည်း စတဲ့ပို့ချင်တာတွေကို အကုန် တူတူ စုပြီး ဓာတ်လှေကားထဲထည့်မယ်။ ပြီးရင် ဂြိုဟ်ပတ်လမ်းကနေ အဲ့ဒီယာဥ်ကို ပစ်လွှတ်ခေါ်ယူမှာဖြစ်ပါတယ်။

ပင်ကိုယ်အားဖြင့် ဒီနည်းပညာဟာ စရိတ်အင်မတန်ကြီးဆဲဖြစ်တဲ့ အာကာသခရီးစဥ် တွေနဲ့စာရင် အာကာသခရီးသွားတွေအတွက် စျေးသက်သာတဲ့ ရွေးချယ်မှုတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။ အိုဘာရာရှီ အောင်မြင်နိုင်မလားဆိုတာကတော့ အချိန်ကပြောပါလိမ့်မယ်။ “ကုမ္ပဏီတစ်ခုတည်းအနေနဲ့ကတော့ ဒါကိုဖြစ်အောင်လုပ်ဖို့ မလွယ်ပါဘူး။ ဒီပရောဂျက်ကြီး ဖြစ်မြောက်ဖို့ဆိုရင် နိုင်ငံတကာအဖွဲ့အစည်း တစ်ခုခုကို ကျွန်တော်တို့ လိုအပ်မှာပါ” လို့ အီရှီကာဝါ ကပြောခဲ့ဖူးပါတယ်။

2050ကို ရောက်ရင်တော့ အာကာသခရီးသွားတာဟာ ဓာတ်လှေကားခလုပ်နှိပ်သလို လွယ်ကူလာတော့မှာလားဆိုတာ အချိန်ကပဲ အဖြေပေးသွားပါလိမ့်မယ်။

Ref: https://futurism.com/japanese-company-plans-build-space-elevator-within-40-years

Leave a Reply