Sprayable Tech နှင့် အနာဂတ်ကမ္ဘာသစ်

သုတေသန ပြုလုပ်သူများဟာ  အပြင်ပတ်ဝန်းကျင်နဲ့ဒီဂျစ်တယ် UI တွေကြား လုံးဝ ခွဲခြားလို့မရနိုင်လောက်အောင် တူညီတဲ့ ကမ္ဘာသစ်တစ်ခုအကြောင်းကို ခန်းမှန်းခဲ့တာဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအမြင်ကို ခတ်ထားတဲ့ဘောင်တွေကလည်း ရှိနေပြန်ပါတယ်။ ပထမတစ်ချက်က sensorနဲ့ display element တွေလိုဟာတွေကို ထိတွေကိုင်တွယ်နိုင်တဲ့ အပြင်လောကနဲ့ ပေါင်းစပ်ဖို့ရာ ဒီဇိုင်းပိုင်း ကန့်သတ်ချက်တွေကြောင့် ခက်ခဲလွန်းပါတယ်။ ဒုတိယအချက်ကတော့ အဲ့လိုပြုလုပ်ဖို့နည်းလမ်းတွေဟာ device ရဲ့ အရွယ်အစားနဲ့အညီ scale ကလည်း သေးတာကြောင့် ကန့်သတ်ချက်တွေရှိနေပြန်ပါတယ်။ လတ်တလောက MITရဲ့ ကွန်ပျူတာသိပ္ပံနှင့် ဉာဏ်ရည်တု နည်းပညာ ဓာတ်ခွဲခန်း(CSAIL) က  သုတေသနအဖွဲ့တစ်ဖွဲ့ဟာ ဖျန်းနိုင်တဲ့နည်းပညာ(Sprayable Tech) တစ်ခုကိုမိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီနည်းပညာဟာ sensor, display နဲ့အတူ အခန်းအရွယ်အစားရှိတဲ့ interactive surfaceတွေကို ပြုလုပ်နိုင်ပါတယ်။ သူက မှုတ်ဆေး(လေစုတ်တံ) လို ကိရိယာကိုအသုံးပြုပြီး interactive display တွေကို ပြုလုပ်တာပါ။ ဥပမာ ဆိုဖာမှာ ဒီဇိုင်းလုပ် အဲ့ဒီsensorပါတဲ့ ဆေးနဲ့ ဖြန်းပြီး တီဗွီကို controlလုပ်နိုင်တာမျိုး၊ နံရံကနေတဆင့် မီးအဖွင့်အပိတ် အလင်းအမှောင်ကို controlလုပ်နိုင်တာမျိုး စသဖြင့် အမျိုးမျိုးလုပ်နိုင်ပါတယ်။ ကိုယ်လုပ်ချင်တဲ့ ဒီဇိုင်းပုံစံကို 3D Editor ဆော့ဖ်ဝဲနဲ့ ပုံဖော်ပြီးတာနဲ့ အဲ့ဒီပုံစံအတိုင်း မှုတ်ဆေးနဲ့ပုံဖော်ဖို့အတွက် မိတ္တူဖယောင်းစက္ကူ ကိုထုတ်ပေးပါလိမ့်မယ်။ ပြီးတဲ့နောက်မှာတော့ အသုံးပြုသူဟာ controlလုပ်နိုင်ဖို့ သူနှစ်သက်တဲ့ မျက်နှာပြင်တစ်ခုခု (ဥပမာ- ဆိုဖာတို့ နံရံတို့ကဲ့သို့) ပေါ်မှာ sensor တွေကို တပ်ဆင်ရပါမယ်။ Sprayable tech ဟာ နေရာတိုင်းလိုလိုမှာ လွယ်လွယ်ကူကူနဲ့ သုံးနိုင်တာကြောင့် မြို့ထဲက နံရံတွေနဲ့ မျက်နှာပြင်တွေပေါ်မှာ ဒီစနစ်အသုံးပြုထားပြီး public နေရာတွေမှာ interactive architecture တွေနဲ့ smart city တစ်ခုကို ကျွန်တော်တို့ စိတ်ကူးယဥ်ကြည့်လို့ရပါတယ်။ ရုပ်ရှင်ကားတွေထဲမှာ မှန်သားပြင်အကျယ်ကြီးပေါ်မှာ ဆော့ဖ်ဝဲတွေက်ို ဟိုရွှေ့ဒီရွှေ့နဲ့ အလုပ်ရှုပ်ပြနေတာ တွေ့ဖူးမှာပါ။ အခုဆို အဲ့လို smart home စနစ်တစ်ခုကို sensor နည်းပညာတွေနဲ့ အသက်သွင်းနေကြပြီး ခရီးတစ်ခုကိုရောက်နှင့်နေပါပြီဖြစ်ပါတယ်။ အသုံးပြုသူဟာ အခန်းမီး အလင်းအမှောင်ကို ချိန်ညှိဖို့ နံရံမှာ သစ်ပင်ပုံလေး ဆွဲချင်တယ်ဆိုပါစို့။ ပထမဆုံး 3D Editor နဲ့ သူလိုချင်တဲ့ သစ်ပင်ပုံလေးဆွဲရမယ်။ ပြီးရင် proximity sensors, touch buttons, sliders, electroluminescent displays စတာတွေကို ဘယ်နေရာမှာ ဘယ်လိုထားချင်တယ် ဆိုတာ customize လုပ်ရမယ်။ အဲ့တာတွေပုံစံလုပ်ပြီးရင် မိတ္တူဖယောင်းစက္ကူ ပုံစံတစ်ခု ကတ်ထူစက္ကူကနေ ဖြတ်ထုတ်ပြီးသား ထွက်လာပါလိမ့်မယ်။ ပြီးတဲ့နောက်မှာတော့ ဒီဇိုင်နာတွေဟာ electrically functional elementတွေပါဝင်တဲ့ functional ink ကို မှုတ်ဆေးဘူး(လေစုပ်တံ)ထဲထည့်ပြီး လိုချင်တဲ့ မျက်နှာပြင်ပေါ်မှာ ဆွဲပေးပါလိမ့်မယ်။ နောက်ဆုံးအဆင့်အနေနဲ့ microcontroller ကိုအသုံးပြုပြီး စောစောကဆွဲထားတဲ့ interfaceနဲ့ အာရုံခံဘုတ်ပြားနဲ့ ချိတ်ဆက်ပေးရပါတယ်။ ဒီစနစ်နဲ့ စမ်းသပ်ထားတဲ့ ပုံစံတွေကတော့
  • ကွန်ကရစ်မျက်နှာပြင်ပေါ်မှာ သီချင်းကို ထိန်းချုပ်နိုင်တဲ့ interface
  • ဆိုဖာပေါ်မှာ တပ်ဆင်ထားတဲ့ တီဗွီကို ထိန်းချုပ်နိုင်တဲ့ interface
  • မီးအလင်းရောင်ကို ထိန်းချုပ်နိုင်တဲ့ နံရံပေါ်က interface
  • ဘူတာက ရထား အခြေအနေကို လမ်းမီးတိုင်ပေါ်ကနေသိနိုင်တဲ့ interface
တို့ဖြစ်ပါတယ်။ မိတ္တူဖယောင်းစက္ကူ ကို digital editor နဲ့ ကိုယ်တိုင်ဖန်တီးမှရမှာဖြစ်တဲ့အတွက် အလိုအလျောက် စူးစမ်းရှာဖွေနိုင်တဲ့ အခွင့်အလမ်းကိုလျော့ကျစေပါတယ်။ အဲ့တာကြောင့် touch buttonတွေရဲ့ အရွယ်အစားတွေ၊ မိတ္တူဖယောင်းစက္ကူရဲ့ အရွယ်အစားပြောင်းလဲမှုတွေကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်းရအောင် designလုပ်နိုင်ဖို့ modular teamတွေလိုအပ်လာပါလိမ့်မယ်။ Ref: https://techxplore.com/news/2020-04-sprayabletech-large-scale-interactive-surfaces-airbrushed.html

Leave a Reply