တကယ်လက်တွေ့ မှာ Zoom ဆိုတဲ့ Open-Source Program က သင့်ကို အစည်းအဝေး တွေမှာ ယောင်ဆောင်လှည့်စားခြင်း
(Unicode)
Avatarify ကို Skype နဲ့ Zoom မှာ အသုံးပြုပြီး Live Video Call တွေမှာ သင့် မျက်နှာကို အောင်မြင်ကျော်ြကားသူတွေ နဲ့ မျက်နှာ ဖလှယ် အသုံးပြုနိုင်သည်။
ဗွီဒီယိုကွန်ဖရင့် App တွေဖြစ်တဲ့ Zoom နဲ့ Skype ဟာ များသောအားဖြင့်ပျင်းစရာကောင်း ပြီး မကြာခဏစိတ်ပျက်စရာကောင်းပါတယ်။ အိမ်ကနေအလုပ် လုပ်ဖို့ ဒီ Software ကို အရင်ကထက်လူ သုံးများလာပါတယ်။ အသုံးပြုသူများ က ဝေးလံသောအစည်းအဝေးများ တွင် အဆက်မပျက် အသုံးပြုနိုင်ပြီး သူတို့ကိုယ်သူတို့ ဗီဒီယိုများကွင်းဆက်ခြင်း(Looping Video) ဖြင့်အုပ်စုလိုက်ချိတ်ဆက်ရန် နှင့်
ထူးခြားတဲ့ နောက်ခံ တွေထည့်ဖို့ နည်းလမ်းအသစ်တွေ ရှာဖွေနေလျှောက်ရှိပါသည်။ Window တွေမှာရှိတဲ့ front-facing ကင်မရာ ရှေ့မှာ သင့်ကိုယ်သင် စိုက်ကြည့်နေရတာ ပင်ပန်းလာတဲ့အခါ အောင်မြင်သူတွေ ကဲ့သို့ အတုအယောင်ဆောင်နိုင်တဲ့ Deepfakes Filter တွေ ယခုအသုံးပြုနေကြပါသည်။
Avatarify ဆိုတာ ဗွီဒီယိုအစည်းအဝေးတွေလုပ်နေချိန်မှာ သင့်မျက်နှာကို တခြားသူရဲ့ မျက်နှာနဲ့ တူသွားအောင် ပြောင်းလဲပေးနိုင်တဲ့ Program တခုဖြစ်သည်။ မည်သူမဆိုအသုံးပြုရန်အတွက် Code ကို Github တွင်ရနိုင်ပါသည်။ ပရိုဂရမ်မာ Ali Aliev က Avatarify ကို တီထွင်ဖို့အတွက် First Order Motion Model for Image Animation မှ Open-Source Code ကို အသုံးပြုပြီး ဒီနှစ်အစောပိုင်းမှာ Arxiv Preprint Server သို့ ထုတ်ဝေခဲ့သည်။ First Order Motion နဲ့ Snap ကို Italy က University of Trento မှ သုတေသီများ က တီထွင်ခဲ့ပါသည်။ ထိုအရာများက လိုချင်တဲ့ပုံရိပ်အပေါ် မည်သည့်ကြိုတင်လေ့ကျင့်မှုမပါဘဲ အခြားသူတစ်ဦး ၏ဗွီဒီယိုကို သုံး၍ လူတစ်ဦး ၏ဓာတ်ပုံကို ကူးယူနိုင်ပါတယ်။
Deepfakes ကဲ့သို့ အခြား မျက်နှာလဲလှယ်ခြင်း (face-swap) နည်းပညာများ က သင် လဲလှယ်ချင်တဲ့ မျက်နှာ အပေါ် algorithm က လေ့ကျင့်ပေးရပါတယ်။ များသောအားဖြင့် သင် ပြုချင်တဲ့မျက်နှာရဲ့ သူ၏ပုံရိပ်ပေါင်းများစွာလိုအပ်သည်။ ဤပုံစံသည် ပစ်မှတ်၏အလားတူအမျိုးအစား(မျက်နှာ ကဲ့သို့) အပေါ် algorithm ကိုလေ့ကျင့်ခြင်းအားဖြင့် လက်တွေ့မှာ လုပ်နိုင်ပါတယ်။
“ကျွန်တော် PC ပေါ်မှာ the First Order Model ကိုအသုံးပြုခဲ့ပြီး တကယ်အံ့သြသွားတယ်။ အရေးကြီးတာကမှာ avatar ကို အချိန်နှင့်တပြေးညီ မြန်မြန် အသုံးပြုဖို့ပါပဲ။ prototype ကို တီထွင်တာ နာရီပေါင်းများစွာကြာခဲ့တယ်။ ပြီးတော့ တနင်္လာနေ့တိုင်းမှာ Zoom နဲ့ ခေါ်ဆိုတဲ့ ကျနော် လုပ်ဖော်ကိုင်ဖက်များကို လှောင်ပြောင်ရန်ဆုံးဖြတ်ခဲ့တယ်။ ဒီဟာက အောင်မြင်ခဲ့ပါတယ်။ သူတို့အားလုံးဟာ အင်ဂျင်နီယာများနှင့်သုတေသီများ တွေပါ။ ပထမဦးဆုံး သူတို့တုံ့ပြန်မှုက သိချင်စိတ်ဖြစ်ခဲ့ပြီး ကျနော်တို့မကြာမီ prototype ကို စတင်စမ်းသပ်ခဲ့တယ်” ဟု Aliev ကပြောကြားခဲ့ပါသည်။
Aliev သည် မှားယွင်းသောအစည်းအဝေးတွင် ပါဝင်ပြီး နည်းပညာကိုပြသရန် Elon Musk အဖြစ် ဟန်ဆောင်ပြီး မိမိကိုယ်ကိုဗွီဒီယိုရိုက်ကူးခဲ့သည်။ ဒါဟာအတုအယောင်ဆိုတာ အတော်ရှင်းလင်းနေပါတယ်။ သို့သော် ခေါ်ဆိုမှုကို နီးနီးကပ်ကပ် မကြည့်မီအထိ မျက်စိနှင့် ဦးခေါင်းသည် ကောင်းစွာလှည့်ပတ်သွားပြီး စက္ကန့်အနည်းငယ်အတွင်း သပ်ရပ်လှပသော လှည့်ကွက်တစ်ခုဖြစ်လာလိမ့်မည်။
Avatarify က Github အပေါ် open-source ရရှိနိုင်လား Motherboard က စမ်းသက်ခဲ့ပါတယ်။ Code က အလွယ်တကူအသုံးနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ပရိုဂရမ်းမင်းဗဟုသုတအနည်းငယ် နှင့် App ကို အသုံပြုဖို့ရန် Hardware ပစ္စည်း တချို့လိုအပ်ပါသည်။
သင်သည် Zoom (သို့) Skype ကို run ရမည်။ တစ်ချိန်တည်းမှာပဲ streaming software နှင့် Avatarify ကိုလည်း run ရမည်။ ဤအရာ များက ကွန်ပျူတာစွမ်းအား ကို များစွာ အသုံးချပါသည်။
Avatarify က ချောချောမွေ့မွေ့အလုပ်နိင်လုပ်ရန် အားကောင်းသော Gaming PC တစ်လုံး လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လက်တော့ပ်တွေအတွက် အကောင်းဆုံးဖြစ်အောင်လုပ်တာက အချိန်ပဲလို့ ထင်တယ်။ အိမ်မှာ Lockdown လုပ်ထားစဥ် လူတွေကို ပျော်ရွှင်မှုအချို့ပေးနိုင်ပါတယ်။” ဟု Aliev ကပြောကြားခဲ့ပါသည်။
ယုံကြည်ရလောက်အောင် သင် လုပ်နေသောမျက်နှာကိုအယောင်ဆောင်ရန် သင့်အသံကိုလွှင့်ရန်လိုလိမ့်မည်။
Mark Zuckerberg ရဲ့အသံကျယ်ကျယ်လောင်လောင် ထင်ဟပ်သလို လက်တွေ့ကျကျ ဖြစ်အောင် deepfake တွေကို ကြိုးစားနေဆဲဖြစ်ပါတယ်။ သို့သော် Dessa ကဲ့သို့ အချို့သောကုမ္ပဏီများသည် Zoom bombing နဲ့ ပေါင်းစပ် ပြီး အသံများကိုရိုက်ကူးနေကြသည်။
(Zawgyi)
Avatarify ကို Skype နဲ့ Zoom မှာ အသုံးပြုပြီး Live Video Call တွေမှာ သင့် မျက်နှာကို အောင်မြင်ကျော်ကြားသူတွေ နဲ့ မျက်နှာ ဖလှယ် အသုံးပြုနိုင်သည်။
ref:https://www.vice.com/en_asia/article/g5xagy/this-open-source-program-deepfakes-you-during-zoom-meetings-in-real-time
Leave a Reply