Lockdown လုပ်ခြင်းသည် ကျွန်တော်တို့ရဲ့ ရေရှည်ကျန်းမာရေးကို ဘယ်လို အကြိုးသက်ရောက်မှုရှိသလဲ
(Unicode) East Anglia တက္ကသိုလ်က သုတေသနပညာရှင်များက Project အသစ်ဖြစ်တဲ့ Lockdown ပြုလုပ်ထားစဥ် တိုင်းပြည်၏ကျန်းမာရေးအခြေအနေကို စတင်လေ့လာလျှက်ရှိသည်။ ထိုလေ့လာမှုတွင် တစ်စိတ်တစ်ပိုင်းကနေပါဝင်ဖြည့်စွက်ရန် စေတနာ့ဝန်ထမ်းများကို အလိုရှိနေပါသည်။ အဆိုပါပညာရှင်များက Lockdown ပြုလုပ်ထားစဥ် လူနေမှုပုံစံအပြုအမူများ ပြောင်လဲသွားပုံ နှင့် ကျွန်ုပ်တို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ဘယ်လိုအကြိုးသက်ရောက်မှုရှိသလဲ ဆိုတာကို စောင့်ကြည့်လေ့လာမည်ဖြစ်ပြီး လူမှုရေးနှင့်မူဝါဒ နောက်ခံအပြောင်းအလဲများ ဖြစ်တဲ့ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် Lockdown အ‌လျှော့အတင်း အစီအမံများကို စုံစမ်းစစ်ဆေးလိမ့်မည်ဖြစ်သည်။ အဆိုပါသုတေသန သည် ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှု၊ အစားအစာ၊ အိပ်စက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သေစာသောက်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း စသည့် လူနေမှုပုံစံ အပြုအမူအမျိုးမျိုးအပေါ် မေးခွန်းများနှင့်တကွ online စစ်တမ်းများ ကောက်ယူသွားမည်ဖြစ်သည်။ ထိုသုတေသနအသင်း တွေ့ရှိလေ့လာချက်များကို ယခုလက်ရှိလုပ်ဆောင်နေတဲ့ဆုံးဖြတ်ချက်များနှင့် အနာဂတ် ကပ်ရောဂါတုံ့ပြန်မှုများကို အမြန်ဆုံးတုံ့ပြန်ဖော်ထုတ်နိုင်ရန် စီစဥ်လျက်ရှိသည်။
“ကမ္ဘာတဝှမ်းကလူတွေ ဒီ COVID-19 ရောဂါ ကူးစက်မှုကို လျင်လျင်မြန်မြန် တုံ့ပြန်နိုင်ဖို့ သူတို့ လူနေမှုပုံစံတွေကို ပြောင်းကိုပြောင်းရမယ်။ အရေးကြီးတဲ့ မေးခွန်းတွေဖြစ်တဲ့ ကျန်းမာရေးအပေါ် Social Distancing အစံအမံရဲ့ အလုံးစုံခြုံငုံသက်ရောက်မှု အကြောင်းအရာတွေကို ဖြေဆိုနိုင်ရန် အဆိုပါ Lockdown ကာလအတွင်း လူတွေရဲ့ ကျန်းမာရေး နဲ့ လူနေမှုပုံစံ အပြုအမူတွေကို ကျွန်တော်တို့ လေ့လာချင်ပါတယ်။ ပြောင်းလဲမှုများ၏သက်ရောက်မှုတွေဖြစ်တဲ့ လူတွေ စိတ်ကျန်းမာရေးနဲ့ သာယာဝပြောရေး ၊ ကျနော်တို့အလုံအလောက် လေ့ကျင့်ခန်းရှိမရှိ ၊ လူတွေက ဆေးလိပ်ပိုသောက်တာလား၊ အရက်ပိုသောက်တာလား ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။”
ဟု UAENorwich ဆေးကျောင်းမှ သုတေသီ ခေါင်းဆောင်ဖြစ်သူ Dr. Caitlin Notley က ပြောြကားခဲ့ပါတယ်။
“ကျွန်တော်တို့ နေ့စဥ် စုဆောင်း နေတဲ့ သတင်းအချက်လက်တွေအရ လေ့လာမှုတွေက ဘာတွေကွာခြားမှု ရှိလဲ။ ဆိုလိုတာကတော့ lockdown အတွင်း တစ်ဦးချင်း စီက မတူညီတဲ့ ဘယ်လိုတုံ့ပြန်ကျလဲ ပြီးတော့ လူတစ်ဦး ချင်းစီ၏ လူနေမှုပုံစံအပြုအမူတွေနဲ့ သာယာဝပြောမှုကို ဘယ်အချက်တွေ လွမ်းမိုးနေလဲဆိုတာ ကျွန်တော်တို့အမှန်တကယ် လေ့လာနိုင်ပါတယ်။ အချိန်နှင့်အမျှ မှတ်တမ်းတင်ထားသော လူတစ်ဦးချင်း စီ၏ အကျဥ်ချုပ်ကို ပေးနိုင်မှာပါ” ဟု UAE ၏ ကျန်းမာရေးသိပ္ပံကျောင်း နှင့် လေ့လာမှုအဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ Dr. Felix Naughton က ပြောြကားခဲ့ပါတယ်။
ထိုလေ့လာမှုသည် အသက်၊ ကျား၊ မ၊ လူမျိုး၊ အလေးချိန်၊ အမြင့်၊ အိမ်ထောင်စုရှိ အရွယ်ရောက်သူနှင့် ကလေးအရေအတွက် ၊
လူတို့တွင် ကြိုတင်ရှိပြီးသားဆေးကုသမှု အခြေအနေရှိမရှိ ၊ သူတို့သည် COVID-19 အတွက်အန္တရာယ်ရှိနိုင်သည့်အုပ်စုတွင် ရှိမရှိ စသည့် သတင်အချက်အလက်များကို online စစ်တမ်းမှတဆင့် ပါဝင်သူများထံမှ စုဆောင်းသွားမည်ဖြစ်သည်။ အလုပ်အကိုင်အခြေအနေ နှင့် လစဉ်ပျမ်းမျှဝင်ငွေ ကိုလည်း ထည့်သွင်းစဉ်းစားလိမ့်မည်။
ပါဝင်သူများကို သူတို့၏ ဆေးလိပ်သောက်ခြင်းအလေ့အထများ ၊ အရက်သုံးစွဲမှု၊ စိတ်ပိုင်းဆိုင်ရာသာယာဝပြောရေ ၊ ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုအဆင့်များ ၊ အိပ်စက်ခြင်းနှင့်အာဟာရဓာတ် ထို့အပြင် သူတို့သည် COVID-19 သက်ဆိုင်ရာရောဂါလက္ခဏာများဖြစ်တဲ့ ခဏခဏ ချောင်းဆိုးခြင်း သို့မဟုတ် ဖျားနာခြင်း ခံစားနေရခြင်း ရှိမရှိ စသည့် သတင်းအချက်အလက်များကို နေ့စဥ် မျှဝေရန် တောင်းဆိုသွားမည်ဖြစ်သည်။
အချို့သော ပါဝင်သူများကို တယ်လီဖုန်း interview များတွင်ပါဝင်ရန်လည်း တောင်းဆိုနိုင်ပါသည်။
အောက်ပါ link ထွင် sign up လုပ်ပြီး ဤ Project မှာပါဝင်နိုင်ပါသည်….
https://survey.eu.qualtrics.com/jfe/form/SV_cMgh8ckcnwcnoMt
ဟု UAENorwich ဆေးကျောင်းမှ သုတေသီ ခေါင်းဆောင်ဖြစ်သူ Dr. Caitlin Notley က ပြောကြားခဲ့ပါတယ်။
Ref: https://medicalxpress.com/news/2020-04-lockdown-affect-long-term-health.html
Leave a Reply