Unicode
နာမည်ကြီး နည်းပညာ Company တစ်ခုဖြစ်သော Microsoft သည် 2020ခုနှစ် April 14 ရက်နေ့တွင် ကမ္ဘာတစ်ဝန်းရှိ Developer များအတွက် GitHub ၏ Core Feature အားလုံးအား လူတိုင်းအတွက် အခမဲ့ ပေးလိုက်ပြီဆိုသော အဓိက ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ထို့အပြင် GitHub Team and Github Pro အတွက် လစဉ်ကြေး 4$ ကိုလည်းလျှော့ချပေးလိုက်ပါသည်။
ထိုကြေညာချက်ကို တုန့်ပြန်သည့်အနေဖြင့် GitLab ကလည်း မိမိတို့အနေဖြင့် Developer များအတွက်ပိုမိုကောင်းမွန်ကြောင်းသက်သေပြသော Post တစ်ခုကို 2020 April 14 ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။ထို Post တွင် GitLab ထောက်ပြထားသည်မှာ GitHub Pro developers များအနေဖြင့် GitHub Free Edition ကိုပြောင်းလဲသုံးပါက အောက်ပါ features ကိုရရှိနိုင်မည်မဟုတ်တော့ကြောင်းထောက်ပြထားသည်။
1.Protected branches in private repos
2.Draft PRs in private repos
3.GitHub Pages in private repos(using one)
4.Wikis in private repos
အထက်ပါ Features များမှာ GitLab အသုံးပြုသူများအတွက် အခမဲ့ဖြစ်ကြောင်းလဲ ပြောကြားသွားသည်။
ထို့အပြင် GitLab Bronze/Starter paid plans ရဲ့ Features များဟာ GitHub Pro ၏ Features များထက်ပိုမိုများပြားကြောင်းအောက်ပါအတိုင်းထောက်ပြသွားခဲ့သည်။
1.Code owners in private repos
2.Multiple issue assignees in private repos
3.Multiple PR assignees in private repos
4.Code review automatic assignment in private repos
5.Standard support
Ref: https://mspoweruser.com/gitlab-compares-itself-to-github/
Source: GitLab
Zawgyi
5.Standard support
Source: GitLab