Covid 19 ကာလအတွင်း freeပေးနေတဲ့ tool နဲ့ service များ

Atlassian, Okta, Tableau, Intermedia စတဲ့ ကုမ္ပဏီတွေဟာ အဖွဲ့အစည်းတစ်ချို့ကို Covid ကမ္ဘာ့ကပ်ရောဂါကြီးရဲ့ရိုက်ခတ်မှုတွေကို ခံနိုင်ရည်ရှိဖို့ သူတို့ရဲ့ ဝန်ဆောင်မှုတစ်ချို့ကို အခမဲ့ပေးထားပါတယ်။

Covid 19 ဂယက်ဟာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ဆက်လက်တိုက်ခိုက်လျက်ရှိ​ပြီး ဒီထဲကမှ အသေးစားစီးပွားရေးလုပ်ငန်းတွေကတော့ တစ်နေ့ထက်တစ်နေ့ လုပ်ငန်းလည်ပတ်ဖို့ကို တော်တော်လေးကြိုးစားရုန်းကန်နေရပါတယ်။ အဲ့ဒီလို လုပ်ငန်းအဖွဲ့အစည်းတွေကို ကူညီပေးနိုင်ဖို့ နည်းပညာကုမ္ပဏီတစ်ချို့ဟာ သူတို့ရဲ့ ဝန်ဆောင်မှုတစ်ချို့ကို free ပေးဖို့ ကြိုးစားလာကြတာပါ။

ATLASSIAN
နာမည်ကြီး collaboration and productivity software တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Atalassian ကတော့ သူတို့ရဲ့ flagship cloud ဝန်ဆောင်မှုကို အများဆုံး ၁၀ယောက်အထိရှိတဲ့ အ
Team တွေအတွက် အခမဲ့ပေးထားပါတယ်။ အဲ့ဒီလို အခမဲ့ ဝန်ဆောင်မှုတွေထဲမှာ Atalassian ရဲ့ cloud base editions productတွေ နဲ့ Jira လို project tracking software တွေပါ ပါပါတယ်။
Visit => http://www.atlassian.com/free

TRELLO
Atlassain ရဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်တဲ့ Trello ကလည်း K-12 နဲ့ အထက်သင်ကြားနေတဲ့ ဆရာ တွေအတွက် 1နှစ်စာ အခမဲ့ အသုံးပြုခွင့်ပေးနေပါတယ်။ Trello က ဆရာ၊ နည်းပြ စတဲ့ ပုဂ္ဂိုလ်များအတွက် အွန်လိုင်းကနေ စာသင်နိုင်ဖို့ အသုံးပြုနိုင်တဲ့ online classroom ဖြစ်ပါတယ်။
Visit => https://trello.com/education

INTERMEDIA
Communication and collaboration ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Intermedia ကတော့ သူတို့ရဲ့ productတစ်ခုဖြစ်တဲ့ AnyMeeting Pro ကို Dec 21ရက် 2020ထိ အခမဲ့ပေးထားပါတယ်။ AnyMeeting Pro ဆိုတာ online ကနေ video conference meeting လုပ်တဲ့ application တစ်ခုဖြစ်ပြီး HD Video, audio conference, screen sharing, call recording, chat, notes စတဲ့ အသုံးဝင် toolsတွေ စုံစုံလင်လင်ပါဝင်တဲ့ နာမည်ကြီး application တစ်ခုဖြစ်ပါတယ်။
Visit => https://www.prnewswire.com/news-releases/in-response-to-covid-19-pandemic-intermedia-offers-free-video-conferencing-and-webinar-solutions-through-end-of-2020-301025949.html?tc=eml_cleartime

8×8
8×8 ဟာ cloud နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး သူတို့ရဲ့ productတစ်ခုဖြစ်တဲ့ 8×8 Video Meeting toolကို အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။ ဒီtoolကတော့ ကုမ္ပဏီ နဲ့ အလုပ်ရှင်တွေကို location independent access နဲ့ အကန့်သတ်မဲ့ meeting ပြုလုပ်ခွင့်ပေးပြီး internetရှိတဲ့ ဘယ် device နဲ့မဆို ကြားခံဆော့ဖ်ဝဲမလိုပဲ အသုံးပြုနိုင်မှာပါ။
Visit => https://investors.8×8.com/press-releases/press-release-details/2020/8×8-Expands-Global-Reach-of-Free-Video-Meetings-to-Help-Individuals-Educators-and-Organizations-Worldwide/default.aspx

Windstream
Windstream Enterprise ကတော့ Officesuite UC နဲ့ HD Meeting Service တွေကို Customer အသစ်တွေကော အဟောင်းတွေပါ ရက် ၉၀ အခမဲ့အသုံးပြုခွင့်ပေးထားပါတယ်။
Visit => https://www.windstreamenterprise.com/

OKTA
Cloud ID Management အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ OKTAကလည်း OKTA For Emergency Remote Work ဆိုတဲ့ ပရိုဂရမ်တစ်ခုကိုဖန်တီးခဲ့ပြီး အဲ့ဒီအစီအစဥ်အရ customer အသစ်တွေဟာ ၆လတိတိ Okta ရဲ့ ဝန်ဆောင်မှုတွေကို အခမဲ့ အသုံးပြုနိုင်မှာပါ။
Visit => https://www.okta.com/okta-for-emergency-remote-work/

PING IDENTITY
Cloud single sign-on နဲ့ multi-factor authentication (MFA) လို ဝန်ဆောင်မှုတွေကိုလည်း Ping Identity က user အသစ်တွေအတွက် ၆လ အခမဲ့ အသုံးပြုခွင့်ပေးနေပါတယ်။ User တွေဟာ Saas Application တွေ နဲ့ VPN Connection တွေကို one-click access လုပ်နိုင်မှာဖြစ်ပါတယ်။
Visit =>https://www.pingidentity.com/en/lp/e/work-from-home-sso-mfa.html

1PASSWORD
1Password ကတော့ သူ့ရဲ့ Enterprise Password Management (EPM)ကို ပထမ၆လ အခမဲ့သုံးခွင့်ပေးထားပါတယ်။
Visit => https://blog.1password.com/covid-19-response/

SECUREAUTH
Secureauth ကလည်း customer အသစ်တွေအတွက် Intelligent Identity Cloud Package ကို December 15ရက်နေ့အထိ အခမဲ့သုံးခွင့်ပေးထားပါတယ်။
Visit=> https://www.secureauth.com/secureauth-work-from-home-free-offer

BOX
လူသိများတဲ့ Cloud content management ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Boxကတော့ သူတို့ရဲ့ packageတစ်ခုဖြစ်တဲ့ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် Business Editionကို ရက်၉၀ အခမဲ့ သုံးခွင့်ပေးလိုက်ပါတယ်။
Visit => https://account.box.com/signup/business?tl=oWgBWV

FRESHWORKS
အလုပ်သမား ၅၀ဦးထက်နည်းတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် Freshchat နဲ့ Freshcallerလို toolတွေကို Freshworksက ၆လအခမဲ့ သုံးခွင့်ပေးထားပါတယ်။
Visit=> https://www.freshworks.com/company/freshworks-covid-offer-for-smb-blog/

MAILCHIMP
Mailchimpကလည်း လာမယ့်May 31ရက်နေ့ထိ (.com) လို custom domain တွေကို ၅နှစ်စာအခမဲ့ ပေးနေပါတယ်။ customer အသစ်ကော အဟောင်းတွေပါ တစ်နှစ် 25$ တန်တဲ့ ဒီဝန်ဆောင်မှုကို အခမဲ့ရရှိမှာပါ။
Visit=> https://mailchimp.com/features/domains/

GODADDY
Godaddyကလည်း website နဲ့ marketing tool တစ်ချို့ကို အခမဲ့ပေးထားပါတယ်။ Godaddyဟာ ပြီးခဲ့တဲ့ Septemberလ တုန်းက Godaddy free version ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အစက 2020နောက်ပိုင်းမှ free tierကို မိတ်ဆက်ဖို့ ရည်ရွယ်ထားပေမယ့် covid ရောဂါကြောင့် စောစီးစွာ ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Visit=> https://www.godaddy.com/garage/free-website-builder-covid-19/

BUILDER.AI
Builder.ai ဆိုတာ coding ရေးစရာမလိုဘဲ Software development လုပ်နိုင်တဲ့ AIနည်းပညာသုံး platform တစ်ခုဖြစ်ပြီး သူ့ရဲ့ အသစ်ထွက်ရှိထားတဲ့ Studio Storeကို SMBတွေအတွက် ပထမသုံးလ အစမ်းသုံးခွင့်ပေးလိုက်ပါတယ်။
Visit=> https://www.builder.ai/blog/helping-out-covid-19-impacted-smbs-and-more

SEMRUSH
SEMrush ကလည်း သူ့ရဲ့ social mediaနဲ့ ဆက်စပ် productတွေကို အခမဲ့အသုံးပြုခွင့်ပေးထားပါတယ်။ အဲ့ဒီထဲမှာပါဝင်တဲ့ Social Media Toolkit မှာ ကုမ္ပဏီတွေအတွက် track competition, edit image, bulk schedule စတာတွေအကုန်လုံးကို အခမဲ့သုံးနိုင်မှာပါ။
Visit=> https://www.semrush.com/news/semrush-opens-free-access-to-several-tools-and-services/

TABLEAU
Tableauကတော့ Corona virus နဲ့ပတ်သတ်ပြီး WHO, US CDCတို့လို အဖွဲ့စည်းတွေက ထုတ်ပြန်တဲ့ အချက်အလက်တွေကို free data resource hub အနေနဲ့ တင်ပေးထားတာကိုတွေ့ရပါတယ်။
Visit=> https://www.tableau.com/covid-19-coronavirus-data-resources

IBM
IBM ဟာ weather.com နဲ့ The Weather Channel appတို့ကရတဲ့ dataတွေနဲ့ Incident Mapတစ်ခုကိုဖန်တီးခဲ့ပါတယ်။ အသုံးပြုသူတွေဟာ မိမိရဲ့ ပြည်နယ်၊ အစိုးရအဖွဲ့အစည်းနဲ့ WHOကထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို အဲ့ဒီ မြေပုံပေါ်မှာကြည့်နိိုင်မှာပါ။

PAGERDUTY
Pagedutyဟာ IT teamတွေအတွက် incident management platform ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပြ်ီး ၆လစာ အခမဲ့ လိုင်စင်ပေးနေပါတယ်။
Visit=> https://www.pagerduty.com/blog/covid-19-supporting-our-community/

PTC
Industrial IOT ကုမ္ပဏီ တစ်ခုဖြစ်တဲ့ PTCကတော့သူ့ရဲ့ Vuforia Chalkကို အခမဲ့သုံးခွင့်ပေးလိုက်ပါတယ်။
Visit=> https://www.ptc.com/en/products/augmented-reality/vuforia-chalk-free-access

INTEL
Intelဟာ သူ့ရဲ့oneAPI Dev Cloud ကိုအသုံးပြုနေတဲ့ developerတွေအတွက် July 1ရက်နေ့အထိ အခမဲ့ သုံးခွင့်ပေးလိုက်ပါတယ်။
Visit=> https://software.intel.com/en-us/devcloud

IGLOO
Covid ကြောင့် remote home အလုပ်လုပ်နိုင်ဖို့အတွက် IGLOOဟာသူ့ရဲ့ Business Continuity Bundleကို July 6ရက်နေ့ထိ freeပေးထားတာကိုတွေ့ရပါတယ်။
Visit=> https://bcp.igloodigitalworkplace.com/

QUALTRICS
SAPရဲ့ Qualtrics ကလည်း သူ့ရဲ့ Remote Work Plusကို အခမဲ့ပေးထားပါတယ်။
Visit=> https://www.qualtrics.com/here-to-help/

SANS
SANS Security Awareness ဟာလည်း Securely work from home ဆိုတဲ့ free development kitတစ်ခုကို ဖန်တီးလိုက်ပါတယ်။ အဲ့ဒီ kitထဲမှာ public resources နဲ့ training materialတွေပါဝင်ပါတယ်။
Visit=> https://www.sans.org/security-awareness-training/sans-security-awareness-work-home-deployment-kit

 

Ref: https://www.zdnet.com/article/free-tools-and-services-for-businesses-during-the-covid-19-crisis/

Leave a Reply