ျမန္မာနိုင္ငံ၏ အႀကီးဆုံး PUBG Mobile ၿပိဳင္ပြဲ ေနာက္ဆုံးပြဲစဥ္မ်ားကို ေအာင္ျမင္စြာက္င္းပ

<ZAWGYI>

ျမန္မာနိုင္ငံ၏ အႀကီးဆုံး PUBG Mobile ၿပိဳင္ပြဲ ေနာက္ဆုံးပြဲစဥ္မ်ားကို ေအာင္ျမင္စြာက္င္းပ

၂၂ ဇူလိုင္ ၂၀၁၉၊ ရန္ကုန္ – ျမန္မာနိုင္ငံ၏အႀကီးဆုံး PUBG Mobile ၿပိဳျငၸဲ”Galaxy Challenge” ၏ ေနာက္ဆုံးအဆင့္ပြဲစဥ္မ်ားအား ဇူလိုင္လ ၂၀ ရက္ေန႔ ႏွင့္ ၂၁ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕ရွိ ျမန္မာပလာဇာ၌ ေအာင္ျမင္စြာက်င္းပခဲ့ေၾကာင္း Claw Esports မြ သတင္းထုတ္ျပန္ေၾကညာလိုက္သည္။ Claw Esports သည္ ၿပိဳင္ပြဲဝင္အသင္းမ်ား၊ Live Stream မ်ားႏွင့္ၿပိဳင္ပြဲမ်ားျပဳလုပ္ေနသည့္ ျမန္မာနိုင္ငံ၏ ထိပ္တန္း Esports အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး ယခုၿပိဳင္ပြဲႀကီးအား Samsung Myanmar၊ Mytel တို႔ႏွင့္ပူးေပါင္း၍ စီစဥ္က်င္းပခဲ့ျခင္းျဖစ္သည္။ အဆိုပါၿပိဳင္ပြဲသည္ Tencent ႏွင့္ PUBG Corporation တို႔မွ တည္ေထာင္ထားသည့္ PUBG Mobile မွလည္း တရားဝင္ အသိအမွတ္ျပဳေထာက္ခံခ်က္ရရွိထားသည္။

ၿပိဳျငၸဲႀကီးကို Samsung Myanmar မွ Title Sponsor အျဖစ္ ပံ့ပိုးကူညီထားၿပီး Mytel မွ Telecom Partner အျဖစ္ပံ့ပိုးထားသည့္အျပင္ MyMedia ႏွင့္ Gaming Noodle တို႔မွလည္း မီဒီယာမိတ္ဖက္မ်ားအျဖစ္ ပူးေပါင္းပါဝင္ထားသည္။ ယခုႏွစ္ ေမလတြင္ စတင္ခဲ့ေသာ ယခုၿပိဳင္ပြဲႀကီးတြင္ အသင္း (၅၀၀) ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး အြန္လိုင္းပြဲစဥ္ အဆင့္ (၂) ဆင့္ ကစားကာ ေနာက္ဆုံးအဆင့္ၿပိဳင္ပြဲႀကီးတြင္ လက္ေရြးစင္ (၂၀) သာ ယွဥ္ၿပိဳင္ကစားသြားမည္ျဖစ္သည္။ ၿပိဳင္ပြဲ၏ စည္းမ်ဥ္းစည္းကမ္းမ်ားကို PUBG Mobile ၏ မူရင္းကုမၸဏီျဖစ္ေသာ Tencent Games မွ ခ်မွတ္ထားသည့္အတိုင္း ေရးဆြဲထားျခင္းျဖစ္သည္။ အြန္လိုင္းအဆင့္တြင္ ကစားသမားေပါင္း (၂,၀၀၀) ေက်ာ္ပါဝင္ကစားခဲ့ၿပီး ယခုႏွစ္ တတိယသုံးလပတ္အတြင္း ျမန္မာနိုင္ငံတြင္ ကစားသမားအမ်ားဆုံး ပါဝင္ေသာ ၿပိဳင္ပြဲျဖစ္ခဲ့သည္။


“ဒီေန႔ေခတ္မွာ လူငယ္ေတြအေနနဲ႔ ဂိမ္းေဆာ့တာကို အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းၾအဖစ္ လုပ္လာၾကတာကို ျမင္ရတဲ့အတြက္ စိတ္လႈပ္ရွားဝမ္းသာမိပါတယ္။ ဒီၿပိဳင္ပြဲက ျမန္မာနိုင္ငံဂိမ္းေလာကရဲ့ တိုးတက္မႈ ျပယုဂ္တစ္ခုလို႔လည္း ေျပာလို႔ရပါတယ္။ ကၽြန္ေတာ္တို႔ Samsung Myanmar အေနနဲ႔လည္း ဒီၿပိဳင္ပြဲကတဆင့္ ကစားသမားေတြ၊ တိုက္ရိုက္ထုတ္လႊင့္သူေတြနဲ႔ မီဒီယာေတြကို ပံ့ပိုးကူညီေပးခြင့္ရၿပီး ျမန္မာနိုင္ငံရဲ့ ဂိမ္းေလာကကို တစ္ဖက္တစ္လမ္းက ျမႇင့္တင္ေပးရာလည္းေရာက္တဲ့အတြက္ ဝမ္းေျမာက္မိပါတယ္။” ဟု Samsung Myanmar ၏ Head of IT and Mobile Group ျဖစ္သူ ကိုဇာနည္ဝင္းထက္မွ ေျပာၾကားပါသည္။ “ၿပိဳင္ပြဲအၿပီးမွာ အေကာင္းဆုံးကစားသမား (၅) ဦးကို ေရြးခ်ယ္ၿပီး ျမန္မာနိုင္ငံရဲ့ဂိမ္းေလာကမွာ သူတို႔ရဲ့စြမ္းရည္ေတြကို ျမႇင့္တင္ေပးဖို႔ Team Galaxy ဆိုၿပီး အသင္းတစ္သင္း ဖြဲ႕သြားဖို႔လည္းရွိပါတယ္။ အခုၿပိဳင္ပြဲႀကီးအၿပီး တစ္လအၾကာမွာ ဒီအသင္းမွာ ပါဝင္မယ့္ အသင္းသားေတြရဲ့ နာမည္ေတြကို အသိေပးထုတ္ျပန္သြားမွာပါ။” ဟု ကိုဇာနည္ဝင္းထက္က ျဖည့္စြက္ေျပာၾကားသည္။

Samsung Myanmar မွ Team Galaxy ဟု အမည္ရေသာ Mobile Esports အသင္းတစ္သင္း ဖြဲ႕သြားရန္ရွိၿပီး အေစာပိုင္းကာလတြင္ PUBG Mobile Players မ်ားအျဖစ္ ေလ့က်င့္ေပးသြားမည္ျဖစ္သည္။ ထိုအသင္းမွ ကစားသမားမ်ား ေရရွည္တြင္ ေအာင္ျမင္မႈရရွိေစရန္ လစဥ္ေထာက္ပံ့ေၾကး၊ အင္တာနက္အသုံးစရိတ္၊ ေလ့က်င့္ေရးေနရာႏွင့္ အျခားလိုအပ္ခ်က္မ်ားကိုလည္း Samsung Myanmar မွ ပံ့ပိုးသြားမည္ျဖစ္သည္။

“ကၽြန္ေတာ္တို႔ျမန္မာနိုင္ငံက Esports ေလာကမွာ အိမ္နီးခ်င္းနိုင္ငံေတြနဲ႔ ယွဥ္ရင္ အမ်ားႀကီး ေနာက္က်ေနေသးတယ္ဆိုေပမယ့္ အခုၿပိဳင္ပြဲႀကီးကေန ဒီလိုထိပ္တန္းအသင္းေတြ အမ်ားႀကီး ထြက္ေပၚလာတာကို ျမင္ရတာ စိတ္ဝင္စားစရာပါပဲ။ ဒီၿပိဳင္ပြဲကေန ကမၻာ့အဆင့္ထိ သြားနိုင္တဲ့ ကၽြမ္းက်င္ကစားသမားေတြနဲ႔ အသင္းေတြ ထြက္ေပၚလာလိမ့္မယ္လို႔ ယုံၾကည္ပါတယ္။” ဟု Claw Esports ၏ Business Director ကိုမင္းဆက္ပိုင္မွ ေျပာၾကားခဲ့သည္။

Claw Esports အေနႏွင့္ Mytel ႏွင့္ ပူးေပါင္း၍ အသင္းတိုင္းမွ ၿပိဳင္ပြဲဝင္ကစားသမားေပါင္း ၂,၅၀၀ အတြက္ ၆လၾကာ အသုံးျပဳနိုင္ေသာ 1GB အင္တာနက္ ေဒတာ ႏွင့္ MyTel ဖုန္းအခ်င္းအခ်င္း ေခၚဆိုနိုင္ ေသာ မိနစ္ ၁၀၀ လက္ေဆာင္ပါဝင္သည့္ SIM ကဒ္ ၄ ကဒ္စီအားၿပိဳင္ပြဲတစ္ေလၽွာက္လုံးတြင္အသုံးျပဳနိုင္ရန္ ေပးအပ္သြားမည္ျဖစ္သည္။ ထို႔အျပင္ Mytel သည္ ေနာက္ဆုံးအဆင့္ ၿပိဳင္ပြဲ၏ ပြဲစဥ္ႏွစ္ရက္လုံးတြင္လည္း တရားဝင္ ဆက္သြြယ္ေရးဆိုင္ရာ ပံ့ပိုးသူအျဖစ္ အင္တာနက္အသုံးျပဳမႈကို ေထာက္ပံ့ေပးထားခဲ့သည္။

“ဒီၿပိဳင္ပြဲႀကီးမွာ Mytel အေနနဲ႔ ဆက္သြယ္ေရးမိတ္ဖက္အျဖစ္ ပါဝင္ခြင့္ရခဲ့တဲ့အတြက္ အလြန္ဝမ္းေျမာက္မိပါတယ္။ ကၽြန္ေတာ္တို႔ Mytel ဟာ သုံးစြဲသူေတြကို ဂ႐ုအစိုက္ဆုံးေအာ္ပေရတာ ျဖစ္တဲ့အားေလ်ာ္စြာ ေဒတာအသုံးမ်ား တဲ့သုံးစြဲသူေတြအတြက္ အဆင္ေျပေစမယ့္ နည္းလမ္းေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္မႈေတြ လုပ္ေဆာင္သြားဖို႔ အျမဲႀကိဳးစားေနပါတယ္။ ကၽြန္ေတာ္တို႔ Mytel မြာ အက်ယ္ျပန႔္ဆုံး 4G ကြန္ရက္ရွိတာေၾကာင့္ ဂိမ္းကစားသူေတြအေနနဲ႔ ဘယ္ေနရာေရာက္ေရာက္ အခက္အခဲအတားအဆီးမရွိဘဲ ကစားနိုင္မွာပါ။ သုံးစြဲသူေတြရဲ့ စကားသံေတြကို နားစြင့္ရင္း အခုလို ပူးေပါင္းလုပ္ေဆာင္မႈေတြကိုလည္း စဥ္ဆက္မျပတ္လုပ္ေဆာင္သြားမွာပါ။” ဟု Mytel ၏ Chief External Relations Officer ျဖစ္သူ ဦးေဇာ္မင္းဦးမွ ေျပာၾကားသည္။

ေနာက္ဆုံးအဆင့္ၿပိဳင္ပြဲတြင္ Team Troopers မွ ပထမဆုအျဖစ္ ေငြက်ပ္ ၅၅ သိန္း အား ထိုက္ထိုက္တန္တန္ဆြတ္ခူးသြားခဲ့ၿပီး Team Spirit မွ ဒုတိယဆုအျဖစ္ ေငြက်ပ္ သိန္း ၃၀ ၊ Team SAMA မွ တတိယဆုအျဖစ္ ၁၀ သိန္း ႏွင့္ Team Raid မွ စတုတၳဆုအျဖစ္ ေငြက်ပ္ ၅ သိန္း အသီးသီးဆြတ္ခူးသြားခဲ့သည္။ Most Kills Player အျဖစ္ ပထမဆု ရရွိသြားေသာ Team Troopers ၏ ကစားသမား ျဖစ္သူ TP-Tyrion မွ 24 Kills ျဖင့္ ေငြက်ပ္ ၁သိန္း ဆြတ္ခူးသြားခဲ့ၿပီး Most Kills Team ဆုအား အဆိုပါ Team Troopers မွ 64 Kills ျဖင့္ ေငြက်ပ္ ၁ သိန္း ဆက္လက္ဆြတ္ခူးသြားခဲ့သည္။

ယခုၿပိဳင္ပြဲႀကီးအပါအဝင္ အျခားေသာ ျမန္မာနိုင္ငံ၏မိုဘိုင္းဂိမ္းေလာက စဥ္ဆက္မျပတ္ပံ့ပိုးမႈမ်ားမွတဆင့္ ျမန္မာနိုင္ငံ၏ Esports အသင္းမ်ားႏွင့္ ကစားသမားမ်ားသည္ မေဝးေသာကာလတြင္ ကမၻာ့အဆင့္အသင္းမ်ား၊ ကစားသမားမ်ားႏွင့္ ရင္ေဘာင္တန္းနိုင္လာမည္ဟု Samsung Myanmar က ယုံၾကည္ထားသည္။

Samsung Myanmar အေနျဖင့္ ျမန္မာနိုင္ငံ၏ မိုဘိုင္းဂိမ္းေလာကကို ပိုမိုတိုးတက္ ေရးအတြက္ပံ့ပိုးရန္ ရည္ရြယ္ထားၿပီး မိုဘိုင္းဂိမ္းၿပိဳင္ပြဲမ်ားသာမက ျမန္မာတစ္နိုင္ငံလုံး၏ အျခားေသာနယ္ပယ္မ်ား ပိုမိုဖြ႕ံ့ၿဖိဳးလာေရးအတြက္လည္း ဆက္လက္ ကူညီပံ့ပိုးသြားမည္ျဖစ္သည္။

Samsung Electronics Co., Ltd. အေၾကာင္း
Samsung Electronics Co., Ltd. သည္ အနာဂတ္ကို ေဖာ္ေဆာင္ပုံသြင္းနိုင္ရန္ စိတ္ကူးဉာဏ္မ်ား၊ နည္းပညာမ်ားျဖင့္ပုံေဖာ္ေနၿပီး တစ္ကမၻာလုံးတြင္ တီဗြီမ်ား၊ စမတ္ဖုန္းမ်ား၊ Tablet မ်ား၊ ဝတ္ဆင္နိုင္သည့္ နည္းပညာထုတ္ကုန္မ်ား၊ Digital အသုံးအေဆာင္ပစၥည္းမ်ား၊ ကြန္ယက္ဆက္သြယ္ေရး စနစ္မ်ား ႏွင့္ ဖုန္းတြင္းမွတ္ဉာဏ္၊ LSI စနစ္၊ Foundry ႏွင့္ LED solutions မ်ားကို ဖန္တီးထုတ္လုပ္လ်က္ ရွိပါသည္။ ပိုမိုျပည့္စုံစြာသိရွိနိုင္ရန္ ႏွင့္ ေနာက္ဆုံးထြက္သတင္းမ်ား၊ လုပ္ေဆာင္ခ်က္ဆိုင္ရာ ေဆာင္းပါးမ်ား ႏွင့္ သတင္းထုတ္ျပန္ခ်က္ မ်ားကို သိရွိနိုင္ရန္အတြက္ http://news.samsung.com သို႔မဟုတ္ http://www.samsung.com/mm/ တြင္ ဝင္ေရာက္ၾကည့္ရႈေလ့လာနိုင္သည္။

Claw Esports အေၾကာင္း

Claw Esports ကို ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ တြင္ Professional Esports Organization တစ္ခုအေနႏွင့္စတင္ဖြဲ႕စည္းခဲ့သည္။ ဖြဲ႕စည္းရျခင္း၏ ရည္ရြယ္ခ်က္မွာ ျမန္မာနိုင္ငံ၏ Professional Esports အသင္းမ်ား ပိုမိုေပၚထြက္လာေရးႏွင့္ မိုဘိုင္းဂိမ္းႏွင့္ဆက္စပ္ေသာ နယ္ပယ္မ်ား ပိုမိုတိုးတက္ က်ယ္ျပန႔္လာေရးအတြက္ ျဖစ္သည္။ Claw Esports ၏ ပထမဦးဆုံး အသင္းျဖစ္ေသာPUBG Mobile အသင္းကို၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ တည္ေထာင္ခဲ့သည္။ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ က်င္းပခဲ့သည့္ Axis Esports Wild Card Division War Season 2 တြင္ ျမန္မာနိုင္ငံမွ အသင္းမ်ားစြာယွဥ္ၿပိဳင္ခဲ့ရာ လက္ရည္စစ္ပြဲေအာင္ျမင္ၿပီး ေနာက္တဆင့္ တက္လွမ္းခြင့္ ရရွိခဲသည္။ လက္ရွိတြင္ ျာျပည္တြင္းအေကာင္းဆုံး Esports Team မ်ားအနက္ တစ္သင္းအျဖစ္ ရပ္တည္လ်က္ရွိသည္။ Claw Esports ႏွင့္ ပတ္သက္၍ အေသးစိတ္ပိုမိုသိရွိလိုပါက www.claw.gg သို႔မဟုတ္ https://www.facebook.com/weareclaw/ တြင္ဝင္ေရာက္ၾကည့္ရႈနိုင္သည္။

<UNICODE>

မြန်မာနိုင်ငံ၏ အကြီးဆုံး PUBG Mobile ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်များကို အောင်မြင်စွာက်င်းပ

၂၂ ဇူလိုင် ၂၀၁၉၊ ရန်ကုန် – မြန်မာနိုင်ငံ၏အကြီးဆုံး PUBG Mobile ပြိုင္ပြဲ”Galaxy Challenge” ၏ နောက်ဆုံးအဆင့်ပွဲစဉ်များအား ဇူလိုင်လ ၂၀ ရက်နေ့ နှင့် ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာပလာဇာ၌ အောင်မြင်စွာကျင်းပခဲ့ကြောင်း Claw Esports မွ သတင်းထုတ်ပြန်ကြေညာလိုက်သည်။ Claw Esports သည် ပြိုင်ပွဲဝင်အသင်းများ၊ Live Stream များနှင့်ပြိုင်ပွဲများပြုလုပ်နေသည့် မြန်မာနိုင်ငံ၏ ထိပ်တန်း Esports အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခုပြိုင်ပွဲကြီးအား Samsung Myanmar၊ Mytel တို့နှင့်ပူးပေါင်း၍ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲသည် Tencent နှင့် PUBG Corporation တို့မှ တည်ထောင်ထားသည့် PUBG Mobile မှလည်း တရားဝင် အသိအမှတ်ပြုထောက်ခံချက်ရရှိထားသည်။


ပြိုင္ပြဲကြီးကို Samsung Myanmar မှ Title Sponsor အဖြစ် ပံ့ပိုးကူညီထားပြီး Mytel မှ Telecom Partner အဖြစ်ပံ့ပိုးထားသည့်အပြင် MyMedia နှင့် Gaming Noodle တို့မှလည်း မီဒီယာမိတ်ဖက်များအဖြစ် ပူးပေါင်းပါဝင်ထားသည်။ ယခုနှစ် မေလတွင် စတင်ခဲ့သော ယခုပြိုင်ပွဲကြီးတွင် အသင်း (၅၀၀) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အွန်လိုင်းပွဲစဉ် အဆင့် (၂) ဆင့် ကစားကာ နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးတွင် လက်ရွေးစင် (၂၀) သာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို PUBG Mobile ၏ မူရင်းကုမ္ပဏီဖြစ်သော Tencent Games မှ ချမှတ်ထားသည့်အတိုင်း ရေးဆွဲထားခြင်းဖြစ်သည်။ အွန်လိုင်းအဆင့်တွင် ကစားသမားပေါင်း (၂,၀၀၀) ကျော်ပါဝင်ကစားခဲ့ပြီး ယခုနှစ် တတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံတွင် ကစားသမားအများဆုံး ပါဝင်သော ပြိုင်ပွဲဖြစ်ခဲ့သည်။

“ဒီနေ့ခေတ်မှာ လူငယ်တွေအနေနဲ့ ဂိမ်းဆော့တာကို အသက်မွေးဝမ်းကြောင်းလုပ်ငန်းအြဖစ် လုပ်လာကြတာကို မြင်ရတဲ့အတွက် စိတ်လှုပ်ရှားဝမ်းသာမိပါတယ်။ ဒီပြိုင်ပွဲက မြန်မာနိုင်ငံဂိမ်းလောကရဲ့ တိုးတက်မှု ပြယုဂ်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ကျွန်တော်တို့ Samsung Myanmar အနေနဲ့လည်း ဒီပြိုင်ပွဲကတဆင့် ကစားသမားတွေ၊ တိုက်ရိုက်ထုတ်လွှင့်သူတွေနဲ့ မီဒီယာတွေကို ပံ့ပိုးကူညီပေးခွင့်ရပြီး မြန်မာနိုင်ငံရဲ့ ဂိမ်းလောကကို တစ်ဖက်တစ်လမ်းက မြှင့်တင်ပေးရာလည်းရောက်တဲ့အတွက် ဝမ်းမြောက်မိပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားပါသည်။ “ပြိုင်ပွဲအပြီးမှာ အကောင်းဆုံးကစားသမား (၅) ဦးကို ရွေးချယ်ပြီး မြန်မာနိုင်ငံရဲ့ဂိမ်းလောကမှာ သူတို့ရဲ့စွမ်းရည်တွေကို မြှင့်တင်ပေးဖို့ Team Galaxy ဆိုပြီး အသင်းတစ်သင်း ဖွဲ့သွားဖို့လည်းရှိပါတယ်။ အခုပြိုင်ပွဲကြီးအပြီး တစ်လအကြာမှာ ဒီအသင်းမှာ ပါဝင်မယ့် အသင်းသားတွေရဲ့ နာမည်တွေကို အသိပေးထုတ်ပြန်သွားမှာပါ။” ဟု ကိုဇာနည်ဝင်းထက်က ဖြည့်စွက်ပြောကြားသည်။

Samsung Myanmar မှ Team Galaxy ဟု အမည်ရသော Mobile Esports အသင်းတစ်သင်း ဖွဲ့သွားရန်ရှိပြီး အစောပိုင်းကာလတွင် PUBG Mobile Players များအဖြစ် လေ့ကျင့်ပေးသွားမည်ဖြစ်သည်။ ထိုအသင်းမှ ကစားသမားများ ရေရှည်တွင် အောင်မြင်မှုရရှိစေရန် လစဉ်ထောက်ပံ့ကြေး၊ အင်တာနက်အသုံးစရိတ်၊ လေ့ကျင့်ရေးနေရာနှင့် အခြားလိုအပ်ချက်များကိုလည်း Samsung Myanmar မှ ပံ့ပိုးသွားမည်ဖြစ်သည်။

“ကျွန်တော်တို့မြန်မာနိုင်ငံက Esports လောကမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် အများကြီး နောက်ကျနေသေးတယ်ဆိုပေမယ့် အခုပြိုင်ပွဲကြီးကနေ ဒီလိုထိပ်တန်းအသင်းတွေ အများကြီး ထွက်ပေါ်လာတာကို မြင်ရတာ စိတ်ဝင်စားစရာပါပဲ။ ဒီပြိုင်ပွဲကနေ ကမ္ဘာ့အဆင့်ထိ သွားနိုင်တဲ့ ကျွမ်းကျင်ကစားသမားတွေနဲ့ အသင်းတွေ ထွက်ပေါ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု Claw Esports ၏ Business Director ကိုမင်းဆက်ပိုင်မှ ပြောကြားခဲ့သည်။

Claw Esports အနေနှင့် Mytel နှင့် ပူးပေါင်း၍ အသင်းတိုင်းမှ ပြိုင်ပွဲဝင်ကစားသမားပေါင်း ၂,၅၀၀ အတွက် ၆လကြာ အသုံးပြုနိုင်သော 1GB အင်တာနက် ဒေတာ နှင့် MyTel ဖုန်းအချင်းအချင်း ခေါ်ဆိုနိုင် သော မိနစ် ၁၀၀ လက်ဆောင်ပါဝင်သည့် SIM ကဒ် ၄ ကဒ်စီအားပြိုင်ပွဲတစ်လျှောက်လုံးတွင်အသုံးပြုနိုင်ရန် ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် Mytel သည် နောက်ဆုံးအဆင့် ပြိုင်ပွဲ၏ ပွဲစဉ်နှစ်ရက်လုံးတွင်လည်း တရားဝင် ဆက်သွွယ်ရေးဆိုင်ရာ ပံ့ပိုးသူအဖြစ် အင်တာနက်အသုံးပြုမှုကို ထောက်ပံ့ပေးထားခဲ့သည်။

“ဒီပြိုင်ပွဲကြီးမှာ Mytel အနေနဲ့ ဆက်သွယ်ရေးမိတ်ဖက်အဖြစ် ပါဝင်ခွင့်ရခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ Mytel ဟာ သုံးစွဲသူတွေကို ဂရုအစိုက်ဆုံးအော်ပရေတာ ဖြစ်တဲ့အားလျော်စွာ ဒေတာအသုံးများ တဲ့သုံးစွဲသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ လုပ်ဆောင်သွားဖို့ အမြဲကြိုးစားနေပါတယ်။ ကျွန်တော်တို့ Mytel မွာ အကျယ်ပြန့်ဆုံး 4G ကွန်ရက်ရှိတာကြောင့် ဂိမ်းကစားသူတွေအနေနဲ့ ဘယ်နေရာရောက်ရောက် အခက်အခဲအတားအဆီးမရှိဘဲ ကစားနိုင်မှာပါ။ သုံးစွဲသူတွေရဲ့ စကားသံတွေကို နားစွင့်ရင်း အခုလို ပူးပေါင်းလုပ်ဆောင်မှုတွေကိုလည်း စဉ်ဆက်မပြတ်လုပ်ဆောင်သွားမှာပါ။” ဟု Mytel ၏ Chief External Relations Officer ဖြစ်သူ ဦးဇော်မင်းဦးမှ ပြောကြားသည်။

နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် Team Troopers မှ ပထမဆုအဖြစ် ငွေကျပ် ၅၅ သိန်း အား ထိုက်ထိုက်တန်တန်ဆွတ်ခူးသွားခဲ့ပြီး Team Spirit မှ ဒုတိယဆုအဖြစ် ငွေကျပ် သိန်း ၃၀ ၊ Team SAMA မှ တတိယဆုအဖြစ် ၁၀ သိန်း နှင့် Team Raid မှ စတုတ္ထဆုအဖြစ် ငွေကျပ် ၅ သိန်း အသီးသီးဆွတ်ခူးသွားခဲ့သည်။ Most Kills Player အဖြစ် ပထမဆု ရရှိသွားသော Team Troopers ၏ ကစားသမား ဖြစ်သူ TP-Tyrion မှ 24 Kills ဖြင့် ငွေကျပ် ၁သိန်း ဆွတ်ခူးသွားခဲ့ပြီး Most Kills Team ဆုအား အဆိုပါ Team Troopers မှ 64 Kills ဖြင့် ငွေကျပ် ၁ သိန်း ဆက်လက်ဆွတ်ခူးသွားခဲ့သည်။

ယခုပြိုင်ပွဲကြီးအပါအဝင် အခြားသော မြန်မာနိုင်ငံ၏မိုဘိုင်းဂိမ်းလောက စဉ်ဆက်မပြတ်ပံ့ပိုးမှုများမှတဆင့် မြန်မာနိုင်ငံ၏ Esports အသင်းများနှင့် ကစားသမားများသည် မဝေးသောကာလတွင် ကမ္ဘာ့အဆင့်အသင်းများ၊ ကစားသမားများနှင့် ရင်ဘောင်တန်းနိုင်လာမည်ဟု Samsung Myanmar က ယုံကြည်ထားသည်။

Samsung Myanmar အနေဖြင့် မြန်မာနိုင်ငံ၏ မိုဘိုင်းဂိမ်းလောကကို ပိုမိုတိုးတက် ရေးအတွက်ပံ့ပိုးရန် ရည်ရွယ်ထားပြီး မိုဘိုင်းဂိမ်းပြိုင်ပွဲများသာမက မြန်မာတစ်နိုင်ငံလုံး၏ အခြားသောနယ်ပယ်များ ပိုမိုဖွ့ံ့ဖြိုးလာရေးအတွက်လည်း ဆက်လက် ကူညီပံ့ပိုးသွားမည်ဖြစ်သည်။

Samsung Electronics Co., Ltd. အကြောင်း
Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့်ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက်သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန်အတွက် http://news.samsung.com သို့မဟုတ် http://www.samsung.com/mm/ တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည်။


Claw Esports အကြောင်း

Claw Esports ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ တွင် Professional Esports Organization တစ်ခုအနေနှင့်စတင်ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ Professional Esports အသင်းများ ပိုမိုပေါ်ထွက်လာရေးနှင့် မိုဘိုင်းဂိမ်းနှင့်ဆက်စပ်သော နယ်ပယ်များ ပိုမိုတိုးတက် ကျယ်ပြန့်လာရေးအတွက် ဖြစ်သည်။ Claw Esports ၏ ပထမဦးဆုံး အသင်းဖြစ်သောPUBG Mobile အသင်းကို၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် တည်ထောင်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် Axis Esports Wild Card Division War Season 2 တွင် မြန်မာနိုင်ငံမှ အသင်းများစွာယှဉ်ပြိုင်ခဲ့ရာ လက်ရည်စစ်ပွဲအောင်မြင်ပြီး နောက်တဆင့် တက်လှမ်းခွင့် ရရှိခဲသည်။ လက်ရှိတွင် ြာပြည်တွင်းအကောင်းဆုံး Esports Team များအနက် တစ်သင်းအဖြစ် ရပ်တည်လျက်ရှိသည်။ Claw Esports နှင့် ပတ်သက်၍ အသေးစိတ်ပိုမိုသိရှိလိုပါက www.claw.gg သို့မဟုတ် https://www.facebook.com/weareclaw/ တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

Leave a Reply