#Zawgyi
အရင္ႏွစ္ေတြမွာ Mac mini က Apple’s computer မ်ားထဲမွာမွ သိုးမည္း တစ္ေကာင္ျဖစ္ေနခဲ့လို႔ graphic designer ေတြနဲ႔ video editor ေတြအတြက္ေရြးခ်ယ္စရာတစ္ခု မဟုတ္ခဲ့ပါဘူး။ Mac mini ဟာ Apple fan ေတြရဲ့ ရင္ထဲမွာေတာ့ေနရာတစ္ခုရွိ ေနခဲ့ပါတယ္။
ဒါေပမဲ့ 2018 Mac mini ကေတာ့ မတူညီတဲ့ beast တစ္ေကာင္ျဖစ္လာပါၿပီ။ Mac Pro အေသးစားပုံစံ နီးပါး စြမ္းအားႀကီးမားပါတယ္။ ေစ်းကေတာ့ မေပါေတာ့ ပါဘူး။ Apple ရဲ့ေစ်းအေပါဆုံး Mac က $500 တန္ကေန $799 အျဖစ္ ေျပာင္းလဲခဲ့ပါၿပီ။ ပိုႀကီးတဲ့ solid state drive ၊ ပိုျမန္တဲ့ processor ဒါမွမဟုတ္ memory မ်ားမ်ား လိုခ်င္တယ္ ဆိုရင္ေတာ့ $4,199 အထိ သင့္စိတ္တိုင္းက် ျပင္ဆင္နိုင္ပါေသးတယ္။ (ဒီတစ္ခါ မွာေတာ့ RAM ကိုသာ user ကေျပာင္းလဲနိုင္ၿပီး SSD ကိုေတာ့မေျပာင္းလဲနိုင္ေတာ့ပါဘူး။)
2014 model နဲ႔ အခ်ိဳးအစားတူညီၿပီး ေက်ာဘက္မွာေတာ့ 4 Thunderbolt ports၊ 3 USB-C ports၊ 2 USB 3.0 ports နဲ႔ 1 HDMI 2.0 port တို႔ပါရွိပါတယ္။ 3.5mm headphone jack နဲ႔ Ethernet jack လည္းပါပါေသးတယ္။
ၿပီးေတာ့ ဒီ Mac mini အသစ္မွာ Apple ရဲ့ T2 security chip ပါဝင္ၿပီး co-processor အေနနဲ႔ အလုပ္လုပ္ ေပးပါေသးတယ္။ SSD နဲ႔လာတာေၾကာင့္ file read/write လုပ္တာေတြ code compiling လုပ္တာေတြ အတြက္ ပိုၿပီးေတာ့ ျမန္ဆန္ေစမွာပါ။
Mac mini မွာ display ၃ ခုအထိ ခ်ိတ္ဆက္နိုင္ၿပီး ultrawide 4K display ၂ လုံးကို ThunderBolt 3 ျဖင့္ခ်ိတ္ၿပီး standard 4K monitor သို႔မဟုတ္ 5K display ကို HDMI ႏွင့္လည္း ခ်ိတ္ဆက္နိုင္ပါတယ္။
အရင္အခ်ိန္ေတြတုန္း ကေတာ့ Mac mini က Apple ရဲ့ ေစ်းအေပါဆုံး desktop product တစ္ခုပါ။ ဒါေပမဲ့ new Mac mini ကေတာ့ ေပးရတဲ့ ေစ်းနဲ႔ တန္တဲ့ computer တစ္လုံး အျဖစ္ေျပာင္းလဲသြားပါၿပီ။
ေစ်းႏွုန္းေတြကေတာ့ i3 version ကို $799 နဲ႔ i5 version ကို $1,099 တို႔ျဖစ္ပါတယ္။
2018 Mac mini specifications
Processor: Intel Core i3-8100 quad-core CPU / Intel Core i5-8500B six-core CPU (configurable with Intel Core i7-8700B six-core CPU)
Graphics: Intel UHD Graphics 630
Storage: 128GB SSD (configurable up to 2TB)
RAM: 8GB (configurable up to 64GB)
Ports: DisplayPort, Thunderbolt (up to 40 Gbps), USB 3.1 Gen 2 (up to 10 Gbps), Two USB 3 ports (up to 5 Gbps), HDMI 2.0 port, Gigabit Ethernet port (configurable to 10Gb Ethernet), 3.5 mm headphone jack
Power: 35W (idle), 85W (max)
Dimensions: 1.4 x 7.7 x 7.7 inches
Weight: 2.2 pounds
source: https://www.theverge.com/2018/11/16/18097117/apple-mac-mini-2018-review-upgrade-faster-more-powerful-features-price
#Unicode
Apple Mac mini: budget မဟုတ်တော့တဲ့ budget Mac option
အရင်နှစ်တွေမှာ Mac mini က Apple’s computer များထဲမှာမှ သိုးမည်း တစ်ကောင်ဖြစ်နေခဲ့လို့ graphic designer တွေနဲ့ video editor တွေအတွက်ရွေးချယ်စရာတစ်ခု မဟုတ်ခဲ့ပါဘူး။ Mac mini ဟာ Apple fan တွေရဲ့ ရင်ထဲမှာတော့နေရာတစ်ခုရှိ နေခဲ့ပါတယ်။
ဒါပေမဲ့ 2018 Mac mini ကတော့ မတူညီတဲ့ beast တစ်ကောင်ဖြစ်လာပါပြီ။ Mac Pro အသေးစားပုံစံ နီးပါး စွမ်းအားကြီးမားပါတယ်။ စျေးကတော့ မပေါတော့ ပါဘူး။ Apple ရဲ့စျေးအပေါဆုံး Mac က $500 တန်ကနေ $799 အဖြစ် ပြောင်းလဲခဲ့ပါပြီ။ ပိုကြီးတဲ့ solid state drive ၊ ပိုမြန်တဲ့ processor ဒါမှမဟုတ် memory များများ လိုချင်တယ် ဆိုရင်တော့ $4,199 အထိ သင့်စိတ်တိုင်းကျ ပြင်ဆင်နိုင်ပါသေးတယ်။ (ဒီတစ်ခါ မှာတော့ RAM ကိုသာ user ကပြောင်းလဲနိုင်ပြီး SSD ကိုတော့မပြောင်းလဲနိုင်တော့ပါဘူး။)
2014 model နဲ့ အချိုးအစားတူညီပြီး ကျောဘက်မှာတော့ 4 Thunderbolt ports၊ 3 USB-C ports၊ 2 USB 3.0 ports နဲ့ 1 HDMI 2.0 port တို့ပါရှိပါတယ်။ 3.5mm headphone jack နဲ့ Ethernet jack လည်းပါပါသေးတယ်။
ပြီးတော့ ဒီ Mac mini အသစ်မှာ Apple ရဲ့ T2 security chip ပါဝင်ပြီး co-processor အနေနဲ့ အလုပ်လုပ် ပေးပါသေးတယ်။ SSD နဲ့လာတာကြောင့် file read/write လုပ်တာတွေ code compiling လုပ်တာတွေ အတွက် ပိုပြီးတော့ မြန်ဆန်စေမှာပါ။
Mac mini မှာ display ၃ ခုအထိ ချိတ်ဆက်နိုင်ပြီး ultrawide 4K display ၂ လုံးကို ThunderBolt 3 ဖြင့်ချိတ်ပြီး standard 4K monitor သို့မဟုတ် 5K display ကို HDMI နှင့်လည်း ချိတ်ဆက်နိုင်ပါတယ်။
အရင်အချိန်တွေတုန်း ကတော့ Mac mini က Apple ရဲ့ စျေးအပေါဆုံး desktop product တစ်ခုပါ။ ဒါပေမဲ့ new Mac mini ကတော့ ပေးရတဲ့ စျေးနဲ့ တန်တဲ့ computer တစ်လုံး အဖြစ်ပြောင်းလဲသွားပါပြီ။
စျေးနှုန်းတွေကတော့ i3 version ကို $799 နဲ့ i5 version ကို $1,099 တို့ဖြစ်ပါတယ်။
2018 Mac mini specifications
Processor: Intel Core i3-8100 quad-core CPU / Intel Core i5-8500B six-core CPU (configurable with Intel Core i7-8700B six-core CPU)
Graphics: Intel UHD Graphics 630
Storage: 128GB SSD (configurable up to 2TB)
RAM: 8GB (configurable up to 64GB)
Ports: DisplayPort, Thunderbolt (up to 40 Gbps), USB 3.1 Gen 2 (up to 10 Gbps), Two USB 3 ports (up to 5 Gbps), HDMI 2.0 port, Gigabit Ethernet port (configurable to 10Gb Ethernet), 3.5 mm headphone jack
Power: 35W (idle), 85W (max)
Dimensions: 1.4 x 7.7 x 7.7 inches
Weight: 2.2 pounds
source: https://www.theverge.com/2018/11/16/18097117/apple-mac-mini-2018-review-upgrade-faster-more-powerful-features-price