Play Station 5 လို့တော့အမည်မတပ်ရရင်ဖြင့်

(Zawgyi)


 

(Unicode)

Sony က Playstation  အသစ်နှောက်တစ်လုံးထွက်ဖို့ရှိတယ်လို့ကြေညာလိုက်ပါတယ်။
Sony ရဲ့ President က Playstation နောက်အသစ်တစ်လုံးကို ထုတ်ဖို့ အတွက်ကြိုးစား နေပါတယ် လို့ အတည်ပြုလိုက်ပါတယ်။ ဒါပေမယ့် ဒီအသစ် Playstation ကို Playstation 5 လို့တော့ မခေါ်ခဲ့ပါဘူး။
ဒီအချိန်မှာ နှောက် Playstation အသစ်တစ်လုံးရှိဖို့လိုအပ်တယ်လို့ Kenichico Yoshida က Financial Times ကို ပြောလိုက်ပါတယ်။
ဒီထက်ပိုပြီး Sony က မပြောသွားပါဘူး။
အဆိုပါအစီရင်ခံစာအရဆိုရင် Sony က Google နဲ့ Microsoft လိုမျိုး Cloud-based gaming ကို ဝင်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။
Industry ရဲ့ ကောလာဟလအရဆိုရင် Sony က Tablet gaming သို့ Multiple devices ကို ပြင်ဆင် နေပါတယ်။ 5G data ဆက်သွယ်ဖို့ internet ကိုလည်း စောင့်နေတယ်လို့ သိရပါတယ်။
Sony က PlayStation 4 platform ကို သုံးနိုင်သလောက်သုံးချင်ပါတယ်လို့လည်း  Kazunori to က ပြောပါတယ်။ PS4 ကို 2013 မှာ စထုတ်ထဲက စုစုပေါင်း 82 သန်းခန့်ရောင်းရပါတယ်။ Marvel: Spider-Man video game က ထုပ်ထုပ်ချင်း သုံးရက်အတွင်း 3.3 သန်းရောင်းရပါတယ်။
အခုတလောက Sony ရဲ့ မူအရဆိုရင် PS5 က အားလုံးနဲ့ လိုက်ဖက်အောင် (Backward Compatible) လုပ်မယ်လို့ သိရပါ တယ်။ လောလောဆယ်မှာတော့ PS5 ကို Code Name အနေနဲ့ ‘Erebus’ လို့ခေါ်ပါတယ်။
နောက်ထွက်ရှိမယ့် Xbox ကိုတော့   Code Name အနေနဲ့ ‘Scarlett’ လို့ခေါ်ပါတယ်။ 2020 မှာ ထွက်ရှိမယ်လို့ သိရပါ တယ်။

 

https://www.cnet.com/news/sony-says-playstation-4-successor-is-coming-but-doesnt-call-it-ps5-yet/

 

Leave a Reply