Bezalel  သည် ‘nano-suction’ နည်းပညာနှင့်အတူ ‘Prelude’ ကြိုးမဲ့အားသွင်းပစ္စည်းကိုမိတ်ဆက်လိုက်ပါတယ်

Bezalel သည် iphone အတွက် ကြိုးမဲ့အားသွင်းစနစ်ကို မူလထောက်ပံ့ပစ္စည်း မထွက်ခင်ကတည်းက ထုတ်လုပ်ပေးခဲ့သော ကုမဏီတစ်ခု ဖြစ်ပြီး ယခုမှာလည်း ‘Prelude’လို့ခေါ်သော နောက်ဆုံးပေါ်ကြိုးမဲ့အားသွင်းပစ္စည်းကိုမိတ်ဆက်ပေးခဲ့ပါသည်။  တစ်မူထူးခြားသော 15-watt ကြိုးမဲ့အားသွင်းပစ္စည်းပုံစံ ‘nano-suction’ နည်းပညာကသင်သွားလေရာ ဖုန်းနဲ့ အတူ အလွယ်တကူတွဲသုံးနိုင်ပြီး အခြား mobile phone ၏ ကြိုးမဲ့ပစ္စည်း အသုံးပြုရင်း ဖြစ်ပေါ်တတ်သောပြဿနာများကိုလည်း ဖြေရှင်းပေးနိုင်ပါသည်။  Prelude သည် 5000mAh ဘက်ထရီ အားနှင့် 17 mm အရွယ်အစား နှင့်အတူ ငါးအောင်စ အလေးချိန်ရှိပြီး အခြား ‘Qi-compatible’ ကြိုးမဲ့ပစ္စည်းနှင့် လည်း ပြန်ပြီးအားသွင်းနိုင်သော  ဖုန်း ပုံစံတစ်ခုဖြစ်ပြီး နှစ်ဖက်စလုံး ကို wire-free  ဖြစ်အောင် လုပ်ပေးနိုင်ပါသည်။ အသစ်ထွက်ရှိသော’Prelude’  ကြိုးမဲ့အားသွင်းပစ္စည်း ကို ‘Kickstarter’ မှာ ပထမဆုံး မှာယူသောပစ္စည်း ၇၀၀ အတွက် ကြိုတင်မှာယူလျှင် $ 39 နှင့်  Oct 28 လဆုံးမှာ မှာယူရင်တော့ $49 ဖြင့်ရရှိနိုင်ပါသည်။

Zawgyi



 

 

Leave a Reply