Brand New: Apple Watch Series 4

စက်တင်ဘာ ၁၂  ဒီနေ့ကျင်းပတဲ့ Apple ရဲ့ Gather Round ဆိုတဲ့ တွေ့.  ဆုံ ပွဲ မှာ Apple Watch မော်ဒယ်အသစ်ကို Apple က မိတ်ဆက်ပေးလိုက်ပါတယ်။ ထူးခြားမှုတွေကတော့ ပိုမိုပါးလွှာလာပြီး FDA ထောက်ခံချက်ပေးထားတဲ့ဆေးဘက်ဆိုင်ရာ တိုင်းတာမှု တွေပါ ဝင်လာတာတွေ့ရပါတယ် ။ Apple Watch Series 4 အတွက် Myanmar Tech Reviews ကနေသုံးသပ်မိတာတွေကတော့ 

အရွယ်အစား နဲ့ တည်ဆောက်ထားပုံ

၄၀ မီလီမီတာ နဲ့ ၄၄ မီလီမီတာ အရွယ်အစား နှစ် မျိူးကို မိတ်ဆက်ပေး လိုက် ပြီး ယခင် ၃၈ မီလီမီတာ နဲ့ ၄၀ မီလီမီတာ အရွယ်အစားတွေကနေ ပြောင်းလဲပေးလိုက်တာ ဖြစ် ပါတယ်။ ၃၂ရာခိုင်နှုန်းအထက်ပိုမို ကျယ်ပြန့် လာတဲ့ မျက်နှာပြင်နဲ့ အသစ်ဖန်တီးထားတဲ့ ယူအိုင် (​ User Interface) တွေ အရ နာရီဒိုင်ခွက် ပုံစံတွေကို ၈ မျိူးအထိ ပေါင်းစပ် ဖန်တီးလာနိုင်ပါတယ်။

Series ၄ ရဲ့ နောက်ဖက်ကို တော့ ကြွေ ၊ စပိုင်းယား ခရစ်စတယ် များနဲ့ ပြုလုပ်ထားပြီး ရေဒီယို လှိုင်းများ လွပ်လပ်စွာ ဖြတ်သန်းသွားနိုင်ဖို့ လုပ်ဆောင်ထားပါတယ်။

 

စွမ်းဆောင်ရည်  

အသစ်ထည့်သွင်းထားတဲ့ ၆၄ ဘစ် ဂျူရိုကိုး အက်စဖိုး (  64 Bit Dual Core S4 ) ပရိုဆက်ဆာ မှ ယခင် နာရီများထက် နှစ်ဆ ပို မြန်ဆန် တဲ့ လုပ်ဆောင်ရည် ကို ရရှိစေပြီး ပိုမိုမြန်ဆန်တဲ့ Accelerometer နဲ့ Gyroscope အာရုံခံ ကိရိယာများကြောင့် အသုံးပြုသူဟာ ချော်လဲခဲ့မယ်ဆိုရင်တောင် သိရှိနိုင်မယ်လို့ ဆိုပါတယ် 

typeoffalldetectedbyapplewatch

fallalertSOSFunction

 

 

အသံပိုင်းဆိုင်ရာ

ထည့်သွင်းထား တဲ့ စပီကာ က ၅၀ ရာခိုင်နှုန်း ပိုမို ကျယ်လောင်လာပြီး မိုက်ကရို ဖုန်း ကို ပင့်တင်သံ ပိုမို ကင်းရှင်းအောင် နေရာပြောင်း ထားပေးတာတွေ့ရပါတယ်။

ဘက်ထရီသိုလှောင်နိုင်မှု

သိုလှောင်နိုင်မှုကို အတိအကျ မသိရနိုင်သေးပေ မယ့် Apple ရဲ့ အဆို အရ ယခင် နာရီများလိုပဲ ၁၈ နာရီကျော် အသုံးခံမယ်လို့တော့ဆိုထားပြီး  အပြေးသမားများအတွက်တော့ အိမ်ပြင်ပ လေ့ကျင့်ခန်းများ အတွက် ၆ နာရီကြာ လုပ်ဆောင်နိုင်မယ် လို့ဆိုထားပါတယ် ။

လုပ်ဆောင်ချက်အသစ်များ 

Apple Watch ရဲ့  လှည့်တံ  (Digital Crown) ကို တုန်ခါမှု နဲ့ တုန့်ပြန်နိုင်အောင် ပြင်ဆင်ထား ပြီး နှလုံးတိုင်းတာနိုင်တဲ့ လုပ်ဆောင်နိုင်မှု ကိုတော့ Heart Sensor အသစ်နဲ့ အာရုံခံပြီး  အီးစီဂျီ (​ Electrocardiogram : ECG ) ဖတ်နိုင်အောင် ၊ နှလုံးခုန် နှုန်း နှေးကွေးမှု နဲ့ နှလုံးကနေ သွေးစီးဆင်းမှု နှေးကွေးနေတာတွေကို လည်း အာရုံခံနိုင်အောင် လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ် ။

#PROACTIVEHEALTHMONITOR

စျေးနှုန်း

၄၀ နှင့် ၄၄ မီလီမီတာ Apple Watch Series 4 များကို GPS နဲ့ GPS + Cellular ပါတဲ့ အမျိုးအစားများ ထုတ်လုပ်ထားပြီး Aluminum Model များအတွက် Silver, Space Gray နဲ့ Gold အရောင်များစီစဥ်ထားပြီး Stainless Steel Model များအတွက်  Silver ၊ Space Black နဲ့ Gold အရောင်များစီစဥ်ထားပါတယ် ။ စျေးနှုန်းမှာ GPS Model အတွက် $399  နှင့် LTE Model (Cellular ) အတွက် $499 သတ်မှတ်ထားပါတယ် ။ Australia, Canada, China, Denmark, France, Germany, Hong Kong, Italy, Japan, Singapore, Spain, Sweden, Switzerland, the UAE, UK နဲ့ US မှာ  September 14 ရက်မှ စတင် မှာယူနိုင်ပြီး September 21 မှာ ရရှိမယ် လို့ ဆိုပါတယ် ။ တခြားနိုင်ငံများကတော့ ဒီနှစ်အတွင်းမှာ ရရှိနိုင်ပါတယ် ။

 

Leave a Reply